ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား ကြည့်ရှု အားပေး

ကျောက်ဖြူ  ဇွန် ၂၄

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုတို့အား သွားရောက် ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ကျောက်ဖြူမြို့ သန့်ရှင်း သာယာလှပရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများမှ အစိုးရရပ်ကွက်ရှိ  မင်းပြင်ဝန်ထမ်းအိမ်ရာအတွင်း/အပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးနေမှုအား သွားရောက် ကြည့်ရှုအားပေးသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင် ဆေးရုံဝန်ထမ်း နေအိမ်လိုင်းခန်းခြံဝန်းအား သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့၊ အမှတ်(၆)မှ အရာရှိ၊ စစ်သည်များ၊ ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ အဆိုပါခြံဝန်းအတွင်း ပေါက်ရောက်နေသည့် ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး/ဖြိုးဝေလင်း(ပြန်/ဆက်)