ထန်းတပင်(ရန်ကုန်) ဇူလိုင်လ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်အန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သည့်အကြောင်း အရာများအား အသိပညာပေးခြင်းနှင့်လက်ကမ်းစာ စောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက အ.ထ.က(ထန်းတပင်)ကျောင်း၊ မြို့မစျေးနှင့်လူအသွားအလာများပြားသည့်နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အသိပညာ ပေးဆောင်ရွက်ရာတွင်လည်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးသိန်းနှင့် မြို့နယ်လျှပ်စစ်ဝန်ထမ်းများက အ.ထ.က(ထန်းတပင်)ကျောင်း၊ လူအသွားအလာများပြားသည့် လမ်းဇုံကားဂိတ်တို့တွင် လျှပ်စစ်အန္တရာယ်ကင်းဝေးရေးဗီနိုင်းပိုစတာများ ကပ်နှံခြင်းနှင့်လျှပ်စစ်အန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများအား အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီးလျှပ်စစ် အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ ဆက်)