ချောက် ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော အိမ်ထောင်စု (၁၂) စု၊ လူဦးရေ (၅၆) ဦးတို့အား ဆန်ရိက္ခာထောက်ပံငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပေးအပ်ခဲ့သည်။
ချောက်မြို့၊ အမှတ် (၇)ရပ်ကွက်၊ အုတ်ဖိုရပ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စု (၁၂) စု၊ အိမ်ခြေ (၁၂) လုံး၊ လူဦးရေကျား (၂၉) ဦး၊ မ(၂၇)ဦး စုစုပေါင်း (၅၆) ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၂၁၀၀) နှုန်းဖြင့် ထောက်ပံ့ငွေများကို ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောမြဖောင်းတို့မှ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ရေဘေးရှောင် ပြည်သူများကိုယင်းရပ်ကွက်ရှိ စားသုံးသူရေးရာဂိုထောင်ဝင်းနေရာတွင် ယာယီနေရာချပေးလျက်ရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)