သတင်းများ

ချောက်မြို့နယ်၌ ​နေကြာမျိုး​စေ့နှင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jul 25,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၃-၂၀၂၄ခုနှစ်၊ နေကြာမျိုး​စေ့နှင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် ဘုန်းတော်ကြီးကျောင်းများ၊ နေအိမ်များ တည်ဆောက်နေမှုများနှင့် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ထားသော မိုးစပါးစိုက်ပျိုးရန်အတွက် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
Jul 25,2023
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် မုန်တိုင်းဘေးကြောင့်‌ လေဘေးသင့်ပြီး ပျက်စီးခဲ့သော ကျေးရွာများတွင် ထပ်မံရောက်ရှိလာသော ဆန်ရိက္ခာခွဲဝေနေမှု၊ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များ တည်ဆောက်နေမှုများနှင့် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ထားသော ကျားပျံမိုးစပါးစိုက်ပျိုးရန်အတွက် မြေပြုပြင်ထွန်ယက်နေမှုများအား ယမန်နေ့နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ကလေးဝမြို့တွင် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိ​ရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်
Jul 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် သစ်စိမ်းမြေသြဇာ (ပို​က်ဆံလျှော်)ထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈နာရီက တုန်နန်းကျေးရွာ၊ ကွင်းအမှတ်၅ တောင်သူဦးမြဝင်းပိုင် လယ်တွင်ပြုလုပ်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ပျဉ်းမနားမြို့နယ်၌ အသက် ၈၅ နှစ်အထက်အသက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့
Jul 25,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့်‌‌ ကျေးရွာများသို့ သွားရောက်ပြီး ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သစ်လေးလုံးကျေးရွာအတွင်းရှိ အဘိုးအဘွားများအား သွားရောက်ထောက်ပံ့ခဲ့သည်။
မန့်ဟီးရိုးမြို့တွင် ရုံးပတီသီးကို မိသားစုစားသောက်ရန်အပြင် လက်လီလက်ကားရောင်းချရန်အထိ တိုးချဲ့စိုက်ပျိုးလာ
Jul 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုး မွေးမြူရေးကို အဓိထားလုပ်ကိုင်လျက်ရှိပြီး မိုးစပါး စိုက်ပျိုးပြီးစီးပြီဖြစ်၍ မိသားစုစားသောက်ရန်နှင့် တခြားသော မြို့နယ်များသို့ လက်လီလက်ကားရောင်းချရန် ရာသီတိုသီးနှံများကို စတင်စိုက်ပျိုးလျက်ရှိကာ စိုက်ပျိုးစရိတ်သက်သာသော ရုံးပတီသီးများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။
ကျွန်းလှမြို့၌ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Jul 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၆ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့၌ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူ
Jul 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)၌ သီတင်းသုံးတော်မူသော စာချ၊ စာသင် သံဃာတော်များအား ယနေ့နံနက် ၇ နာရီက ဆွမ်းဆန်စိမ်း အစရှိသော လှူဖွယ်ပစ္စည်းများလောင်းလှူကြကြောင်း သိရသည်။
ကျောက်မြောင်းမြို့အတွင်း ရေပေးဝေရေးလုပ်ငန်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်စေရန် ပိုးလောက်လန်းသေဆေး(အဘိတ်)ခတ်ခြင်းများ ပြုလုပ်
Jul 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ ကျောက်မြောင်းမြို့တွင်း ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် မိုးရာသီ ရောက်ရှိလာသဖြင့် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရေး ပိုးလောက်လန်း သေဆေး(အဘိတ်)ခတ်ခြင်းကို နံနက်(၀၉:၀၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။