Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု(၁၀)စုအတွက် ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်
Jul 25,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု (၁၀)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြိုနယ်၌ စားသုံးဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် ၃၇၅ စားသုံးသူများလက်ဝယ်အရောက် ရောင်းချပေး
Jul 25,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ နေပြည်တော် ဆီကုန်သည်အသင်းဝင်များဖြင့် ပူးပေါင်း၍ ဇေယျာသီရိမြိုနယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ စားသုံးဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများလက်ဝယ်အရောက် ယမန်နေ့မွန်းလွဲပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့၊ ရှမ်းစုအခြေခံပညာမူလတန်း(လွန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး
Jul 25,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ရှမ်းစု အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ (၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို လစဉ်လတိုင်း ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်
Jul 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ (၁)နှစ်ခွဲ ကလေးငယ်များအား ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်(၄)လအရွယ်မှစ၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လစဉ်လတိုင်း စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jul 25,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများပူးပေါင်းကာ ယနေ့နေ့လယ် ၁ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြေပြင်ကွင်းဆင်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့
Jul 25,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြေပြင်ကွင်းဆင်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ပြည်သူများ အစားအစာဘေးကင်းလုံခြုံမှုရှိစေရန် သတ်မှတ်စံချိန်စံညွှန်းမမီသော လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမရှိစေရေး ကြပ်မတ်စစ်ဆေး အသိပညာပေးခြင်း ဆောင်ရွက်
Jul 25,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျ ဝယ်ယူစားသုံးတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးနှင့် ရပ်ကွက်များရှိ ကုန်စုံပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး သတ်မှတ်စံချိန်စံညွှန်းမမီသော လူသုံးကုန်၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကျင်းပ
Jul 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကို ယမန်နံနက် ၁၀ နာရီက အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ အဆိုပါအသင်းစု၏ စံပြအရောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်မှ လုပ်ငန်းလမ်းညွှန် အမှာစကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10263
Page
10264
Page
10265
Page
10266
Current page
10267
Page
10268
Page
10269
Page
10270
Page
10271
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department