ကလေးဝ ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈နာရီက တုန်နန်းကျေးရွာ၊ ကွင်းအမှတ်၅ တောင်သူဦးမြဝင်းပိုင် လယ်တွင်ပြုလုပ်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးနိုင်က တက်ရောက်လာသော ဒေသခံတောင်သူများအား ပိုက်ဆံလျှော် ထည့်သွင်းရခြင်း၏ အကျိုးကျေးဇူးများ၊ စိုက်ပျိုး ထည့်သွင်းသည့် နည်းစနစ်များအား ရှင်းလင်းပြောပြခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။ အဆိုပါ ကွင်းသရုပ်ပြပွဲကို စိတ်ပါဝင်စားသည့်ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ၃၅ ဦးခန့်လာရောက်လေ့လာခဲ့ကြကြောင်းသိရှိရသည်။
ကိုဇော်