ဝမ်းတွင်းမြို့နယ်၌ တရားမဝင်ဓာတ်အားသုံးစွဲမှု ပပျောက်ရေး ကွင်းဆင်းစစ်ဆေး

ဝမ်းတွင်း ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ တရားမဝင်ဓာတ်အားသုံးစွဲမှု ပပျောက်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

ဝမ်းတွင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးအနေဖြင့် ဌာနဝင်ငွေ တိုးတက်ရရှိရေး၊ တရားမဝင် ဓာတ်အားသုံးစွဲမှုများ ပပျောက်ရေးအတွက်၊ ဒု-မြိုနယ်လျှပ်စစ်မန်နေဂျာဦးဆောင်၍ ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များက မြို့ပေါ်ရပ် ကွက်များရှိ လူနေအိမ်၊ စက်ရုံး၊ အလုပ်ရုံတို့တွင် ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အတွင်း တရားမဝင်ဓာတ်အားသုံးစွဲမှုများ ပပျောက်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)