ရွှေတောင် ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ (အမက)ဖိုးခေါင်အခြေခံပညာ မူလတန်းကျောင်းတွင် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် “မြတ်ရွှေအိုး” ငွေစုငွေချေးသမဝါယမအသင်းမှ စုဆောင်းငွေအပေါ်အတိုးပေအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၄ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် “မြတ်ရွှေအိုး” ငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး အသင်းဆိုင်ရာကိစ္စရပ်များ၊ ရှေးလုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရွှေတောင်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးမှူး ဦးဌေးဝင်းက (၁၀၃) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် " မြတ်ရွှေအိုး" ငွေစုငွေချေး သမဝါယမအသင်းမှ စုဆောင်းငွေအပေါ် အတိုးပေအပ်ခြင်း အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် “မြတ်ရွှေအိုး” ငွေစုငွေချေး သမဝါယမအသင်းမှ အသင်းသား (၇၁၃) ဦးတို့၏ စုဆောင်းငွေအပေါ်အတိုးငွေ (၈၅၁၄၉၀၀) ကျပ်အား အသင်းသားများထံသို့ စနစ်တကျခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)