ကျိုက်မရောမြို့နယ်၌ သမဝါယမအသင်းသားများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲ ကျင်းပ

ကျိုက်မရော ဇူလိုင် ၆

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ (၁၀၃)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် အတ္တရံအားမာန်ငွေစုငွေချေးသမဝါယမအသင်းမှ  အသင်းသား၊အသင်းသူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲကို ဇူလိုင် ၄ ရက်နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရှိရုံးခန်းမ၌  ပြုလုပ်သည်။

ဦးစွာ ကျိုက်မရော မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသီခိုင်က အဖွင့်အမှာစကားပြောကြားပြီး အတ္တရံအားမာန်အသင်းစုဥက္ကဋ္ဌက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍  ရှင်းလင်းဆွေးနွေး သည်။

ယင်းနောက် အခြေခံ သမဝါယမအသင်းများမှ အသင်းသား၊ အသင်းသူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများအား မြို့နယ်သမဝါယမဦးစီးမှူးနှင့်တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်းသိရသည်။

ချိုမြတ်မြတ် ထွေး(ပြန်/ ဆက်)