မင်္ဂလာဒုံမြို့နယ် နွယ်ခွေကျေးရွာ ဂန္ဓမာလမ်းတွင် ဆိုင်ခန်းပေါ်သို့ သစ်ပင်လဲကျ၍ ရှင်းလင်းဖယ်ရှား ဆောင်ရွက်

မင်္ဂလာဒုံ ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဂန္ဓမာလမ်းတွင် လုံးပတ်(၈)ပေ အမြင့်(၁၈)ပေခန့် နဘဲပင်သည် အနီးရှိ သွပ်မိုး၊ ကျောက်ပြားကာ၊ ကွန်ကရစ်ခင်း(၂)ခန်းတွဲ တစ်ထပ်ဆိုင်ခန်းပေါ်သို့ ဇူလိုင် ၄ ရက်နေ့ နံနက် ၈ နာရီခန့်က လဲကျနေကြောင်း ကျေးရွာအုပ်ချုပ်‌ရေးမှူးမှတစ်ဆင့် သတင်းပေးပို့ချအရ သိရသည်။

အဆိုပါ သတင်းပေးပို့ချအရ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးထွေးဦးဆောင်၍ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၆)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့ရာ နံနက် ၁၁ ခန့်တွင် ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပြီး သစ်ပင်လဲကျမှုကြောင့် ဆိုင်ခန်းတွဲ အမိုးသွပ်(၁၀)ပေခန့်ပျက်စီးခဲ့ကာ လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မင်းသိန်းထွန်း