သတင်းများ

မင်းလှမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 17,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဇူလိုင်(၁၉)ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့အထိမ်းအထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး
Jul 17,2024
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်းဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
နောင်တရားဒေသ၌ ရာသီစာ သစ်တော်သီး အထွက်နှုန်းလျော့နည်း
Jul 17,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသထွက် ရာသီစာ သစ်တော်သီးများ လျော့နည်းပြီး ဈေးနှုန်းကောင်းမွန်လျက်ရှိကြောင်း သစ်တော်သီးဥယျာဉ်ခြံစိုက် တောင်သူတစ်ဦးက ပြောသည်။
ကဝမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ
Jul 17,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ဇူလိုင် ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က အ.ထ.က(ကဝ)၌ ကျင်းပခဲ့သည်။
မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်
Jul 17,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းကို ယမန်‌နေ့ မွန်းလွဲပိုင်းအချိန်က အောင်သံလွင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ပြသခဲ့သည်။
ထားဝယ်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုပွဲနှင့် စာမေးပွဲ အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနား ကျင်းပ
Jul 17,2024
တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ ဘာသာစုံဂုဏ်ထူးရရှိကြသော မောင်လင်းလင်းပိုင်(နိုင်ငံအဆင့်ပထမ)၊ မောင်မိုးမြင့်ထက်အောင်၊ မောင်ထူးမြတ်မင်းအိမ်တို့အား ဂုဏ်ပြုပွဲနှင့် ဒွါဒသမတန်း ကျောင်းသား/ကျောင်းသူများအား အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကျောင်းသား/သူများက “ မြန်မာ့ကျောင်း ” သီချင်းဖြင့် သီဆိုဂုဏ်ပြုသည်။
အုတ်ဖိုမြို့နယ် စက်မှု၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Jul 17,2024
အနာဂတ်လူငယ်လူရွယ်များ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာ စက်မှု၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်၌ (၇၇)နှစ်မြောက် အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ
Jul 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်း၊ ပန်းချီပြိုင်ပွဲများကို ဇူလိုင် ၁၅ ရက်နေ့ နံနက်(၉)နာရီက အဆိုပါကျောင်းသီရိရတနာခန်းမတွင် ကျင်းပသည်။