ရွှေဘိုမြို့နယ်ရှိစာစစ်ဌာနများ၌ Grade-5 နှင့် Grade-9 အစိုးရစစ်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်အား အေးချမ်းစွာဖြေဆို

​ရွှေဘို ဖေဖေါ်ဝါရီ ၂၃

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 အစိုးရစစ်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကိုယနေ့နံနက် ၉ နာရီမှစတင်၍ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုလျက် ရှိကြောင်းသိရသည်။

ထိုသို့ဖြေဆိုရာတွင်​ရွှေဘိုမြို့နယ်အတွင်း Grade-5 စာစစ်ဌာန (၅၁)ခုတွင် စာမေးပွဲဖြေဆိုရန် စာရင်းစာရင်းသွင်းထားသူ(၁,၄၅၀)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ(၁,၃၁၈)ဦးရှိပြီး ဖြေဆို ၉၀.၉၀% ရှိကြောင်း Grade-9 စာစစ်ဌာန(၁၇)ခုတွင် စာမေးပွဲဖြေဆိုရန် စာရင်းစာရင်းသွင်းထားသူ (၁,၁၁၃)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ(၁,၀၂၉)ဦးရှိပြီး ​ဖြေဆို ၉၂.၄၅% ဖြေဆိုလျက်ရှိကြောင်း ပညာရေးမှူးရုံးမှသိရှိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ် ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျောင်းအုပ် ဆရာ/ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင်(ပြန်/ဆက်)