သတင်းများ

စမ်းချောင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေး
Mar 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ၀န်ထမ်းများကမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား  ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်(၁၀:၀၀)ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Mar 04,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတပြည့်ဝစေရေး၊ စာပေဖတ်ရှုခြင်းအားဖြင့် စဉ်းစားခြင်းအတွေးအခေါ် ဗဟုသုတနှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရေးစသည့်ရည်ရွယ်ချက်များဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့၏ စာဖတ်ဝိုင်းကို ယမန်နေ့ညနေ ၃ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
မိုင်းခုတ်မြို့၊ ဌာနဆိုင်ရာရုံးများအား မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ စစ်ဆေး
Mar 04,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌနှင့် မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၁:၀၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မိုင်းခုတ်မြို့၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း(လူငယ်)ဆင့်ပွား သင်တန်း ဖွင့်လှစ်
Mar 04,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ သင်တန်းသား (၃၀)ဦးဖြင့် မတ် ၄ ရက်မှ ၆ ရက်နေ့အထိ ဖွင့်လှစ်မည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း(လူငယ်)ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်၊ အလန်းမိုင်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Mar 04,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ဖာလန်ကော်‌ကျေးရွာအုပ်စု၊ အလန်းမိုင်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်း‌ဟောပြောခဲ့ကြောင်း သိရသည်။
ဒဂုံ​မြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Mar 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရပ်ကွက်/ ကျေးရွာများအတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်း လုပ်ငန်းစဉ်များကို ယနေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်ဓမ္မာရုံနှင့် အမှတ်(၁၁၃)ရပ်ကွက်ရှိ GEG Co.Ltd တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သံဖြူဇရပ်မြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကြိုတင်စစ်ဆေးမှုများဆောင်ရွက်
Mar 04,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၁၁ ရက်နေ့မှစတင်၍ဖြေဆိုမည်ဖြစ်ရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြင့်စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာမေးပွဲကျင်းပပြုလုပ်မည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်း ကျင်းပ
Mar 04,2024
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။