သတင်းများ

သူနာပြုတက္ကသိုလ်(မန္တလေး)တွင်  ကျန်းမာရေးစောင့်ရှောက်မှုအခွင့်ရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲကျင်းပ
Mar 04,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ၆၂လမ်း၊ ၁၀၄x၁၀၅လမ်းကြားရှိ သူနာပြုတက္ကသိုလ် (မန္တလေး)၏ တော်၀င်သဇင်ခန်းမတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့မှ ကျင်းပပြုလုပ်သော ကျန်းမာရေးစောင့်ရှောက်မှုအခွင့်ရေးဆိုင်ရာ ဆွေးနွေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ စာစီစာကုံးရေးသားနည်းသင်တန်းဖွင့်လှစ်
Mar 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စာစီစာကုံး ရေးသားနည်းသင်တန်းကို ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်ဂေါက်သီးရိုက်အသင်း နှစ်ပတ်လည်အခမ်းနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Mar 04,2024
ရန်ကုန်ဂေါက်သီးရိုက်အသင်းနှစ်ပတ်လည်အခမ်းနားနှင့် ဆုချီးမြှင့်ပွဲအခမ်းနားကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ တညင်းကုန်းမြို့နယ်ရှိ ရန်ကုန်ဂေါက်ကွင်း၌ကျင်းပခဲ့သည်။
ဟင်္သာမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်
Mar 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ မဟာဓမ္မိကာရုံကျောင်း လမ်းရှိ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခြင်းတို့ကို ယနေ့ နံနက် ၉ နာရီက အဆိုပါနေရာတွင် ပြုလုပ်ခဲ့သည်။
လပွတ္တာမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Mar 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ပြည်သူများ လက်ရှိဖြစ်ပေါ်နေ သော အခြေအနေအမှန်များ၊ လုံ​ခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ပြည်သူများ သိရှိစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ပိုးလောင်းကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် ၉ နာရီတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြသည်။
ပခုက္ကူမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၄၃၉ ဦး ဝင်ရောက်ဖြေဆိုမည်
Mar 04,2024
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၁၉ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ စာစစ်ဌာန(၂)ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၄၃၉ ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရွှေဘိုမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲ ကျင်းပ
Mar 04,2024
ရွှေဘိုခရိုင် အသေးစား စက်မှု/လက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူးရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားသင်တန်းများ (အခမဲ့)ဖွင့်လှစ်သင်ကြားပေးမည်
Mar 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ နွေရာသီအားကစားသင်တန်းများကို မတ်လ(၅)ရက်နေ့မှ စတင်ပြီး ဧပြီ(၃)ရက်နေ့အထိ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက ကြံခင်းမြို့၊ ဗိုလ်ချုပ်လမ်းရှိ လူစည်ကားရာ တင်းနစ်ကွင်းရှေ့တွင်‌ ကပ်ထားကြော်ငြာပေးထားကြောင်း သိရသည်။