မိုင်းယု မတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ အမျိုးသမီးရေးရာအဖွဲ့ ဒေါ်နန်းအင်လောင်းနှင့် အဖွဲ့ဝင်များသည် အ.ထ.က(မိုင်းယု)၌ ဖွင့်လှစ်နေသည့် နွေရာသီယဉ်ကျေးလိမ္မာ၊ အခြေခံကွန်ပျူတာသင်တန်းနှင့် အားကစားသင်တန်းသို့ ယမန်နေ့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား/သူများအတွက် ကော်ဖီထုပ်များနှင့် အဟာရထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အလားတူ အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် နယ်မြေခံတပ်ရင်းများသို့ သွားရောက်ပြီး ရှေ့တန်းရောက်တပ်မတော်သားများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ဟင်းချိုမှုန့်ထုပ်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အားချာ