သတင်းများ

လားရှိုးမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Feb 22,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ(၅)နှစ်စီမံချက်(၂၀၂၄-၂၀၂၈)ကို ညွှန်ကြားချက်နှင့်အညီရေးဆွဲတင်ပြနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
မိုင်းယောင်းမြို့နယ်တွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်သည့် ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း
Feb 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယနေ့နံနက် ၅ နာရီခွဲက ပေါ်တော်မူဗုဒ္ဓရုပ်ပွားတော်များ တည်ထားကိုးကွယ်ရာဖြစ်သော ရှေးဟောင်းသမိုင်းဝင် ပုဗ္ဗဝိဇယဆုတောင်းပြည့်စေတီတော်မြတ်ကြီးတွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်သည့် ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
သရက်မြို့နယ် ရွာသစ်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲ ကျင်းပ
Feb 22,2024
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ရွာသစ်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကျေးရွာ ရွာလယ်ဓမ္မရုံတွင် ဆောင်ရွက်ရာ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ပါသည်။
တာမွေမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Feb 22,2024
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ တာမွေမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသစ်ဖွင့်ပွဲ ကျင်းပ
Feb 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက အဆိုပါခန်းမရှေ့၌ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင် တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကားပြောကြားသည်။
လယ်ဝေးမြိုနယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများသို့ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Feb 22,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြိုနယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ယနေ့မွန်းလွဲပိုင်းက မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။    
မိုးညှင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းဆောင်ရွက်
Feb 22,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ပင်စင်လစာ လာရောက်ထုတ်ယူလျက် ရှိသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းများကို ယမန်နေ့နံနက်(၈)နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်(မိုးညှင်း)၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရေစကြိုမြို့နယ်တွင် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေးနှင့်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်
Feb 22,2024
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်း၊ မြို့နယ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးဆောင်ပြီး လျှပ်စစ်ဓာတ်အားလိုင်းများအား ဓာတ်အားအပြည့်အဝရရှိရေး ဆောင်ရွက်လျက်ရှိသည်။