လဲချားမြို့၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပင်စင်ထုတ် မိဘပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် စာသုံးကုန်ကြက်ဥများ ထောက်ပံ့ပေးအပ်ခြင်းဆောင်ရွက်

လဲချား ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်ထုတ်မိဘပြည်သူများအား ယနေ့နံနက်(၈)နာရီမှစတင်၍ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းနှင့် စားသောက်ကုန်ကြက်ဥများ ထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ပင်စင်စား မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၏လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇင်မောင်နွယ် ဦးဆောင်သောအဖွဲ့သည် ပင်စင်လစာငွေများလာရောက်ထုတ်ယူသော အငြိမ်းစားမိဘပြည်သူများအားလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စားသောက်ကုန်ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ပင်စင်လစာများ‌ထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာဒေါ်ခင်မျိုးဦးနှင့်ဝန်ထမ်းများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဇွန်လ(၂၃)ရက်နေ့မှ (၃၀)ရက်နေ့အထိ နံနက်(၈)နာရီမှ မွန်းလွဲ(၂)နာရီထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ၏ ပြောကြားချက်အရ သိရသည်။

မြို့နယ်(ပြန်/ဆက်)