ပင်လုံ ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ မိုးရာသီတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းကြောင့် အပူချိန်များ လျော့နည်းစေနိုင်ရေးအတွက် ပျိုးပင်ပေါင်း(၃၅၅၁၀)ပင်ကို ဖြန့်ဝေပေးနိုင်ရေးအတွက် ပျိုးထောင်ထားရှိကြောင်း သိရသည်။
အဆိုပါပျိုးပင်များကို ပင်လုံမြို့သစ်တောဦးစီးဌာန ယာယီပျိုးဥယာဥ်တွင် စိုက်ပျိုးထားရှိပြီး ဒေသတွင်းစိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်တိုးတက်ကောင်းမွန်လာစေရေးအတွက် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်များစိုက်ပျိုးရန်နှင့် ပြည်သူလူထုသို့ ဖြန့်ဝေပေးနိုင်ရန် ယူကလစ်(၁၂၂၀၀)၊ ခါတော်မှီ(၇၂၆၀)၊ ယမနေ(၁၀၀)၊ ချယ်ရီ(၂၄၀၀)၊ စိန်ပန်းပြာ (၁၃၀၀)၊ ထင်းရှူး (၃၆၀၀)၊ မဲဇလီ (၄၂၅၀)၊ ပြည်လုံးချမ်းသာ (၇၀၀)၊ ကျွန်း(၂၀၀၀)၊ စိန်ပန်းနီ (၇၀၀) မျောက်ငို(၁၀၀၀) စုစုပေါင်း(၃၅၅၁၀) ပျိုးထောင်ထားရှိကြောင်း ပင်လုံမြို့သစ်တောဦးစီးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)