ချမ်းအေးသာစံ ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူး၍ ဗီဒီယိုတည်းဖြတ်နည်းသင်တန်းကို စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ဇွန်လ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ဗွီဒီယိုတည်းဖြတ်နည်းသင်တန်းကို နှစ်စဥ်ကျင်းပဖွင့်လှစ်ခဲ့ရာ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ ဗွီဒီယိုတည်းဖြတ်နည်း သင်တန်းကို သင်ကြားပို့ချသွားမည်ဖြစ်သည်။
ဗွီဒီယိုတည်းဖြတ်နည်းကို Power Point Software ဖြင့် သင်ကြားပေးမည်ဖြစ်ပြီး သင်ခန်းစာများကို စာတွေ့လက်တွေ့ပို့ချမည်ဖြစ်ရာ သင်တန်းကာလကို ဇွန်လ ၁၉ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိဖြစ်ပြီး သင်တန်းသားစုစုပေါင်း (၄၀) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်