သတင်းများ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် အ.ထ.က(၁) ဇလွန် အမျိုးသား​ဆောင်ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ သိရှိစေရန်ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥပဒေရုံး၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်ဂျူဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်
Jun 22,2025
ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ(၂၀)ရက်နေ့ညနေပိုင်းအချိန်က ပဲခူးမြို့အားကစားဥယျာဥ်မိုးလုံလေလုံခန်းမ၌ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ကျွန်းကုန်းကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
Jun 22,2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ကျွန်းကုန်းကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို  ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jun 22,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ငလျင်ဘေးသင့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ကလှူဒါန်းသောပစ္စည်းများကို သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကို  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှစစ်ဆေး
Jun 22,2025
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အတူတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ထားဝယ်ဘိုးဘွားရိပ်သာဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ရေးမြို့နယ်၌ မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး(မြို့နယ်အဆင့်)  ဇာတ်တိုက်လေ့ကျင့်
Jun 22,2025
မွန်ပြည်နယ်၊ ရေးခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ဦးဆောင်ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေးအတွက် မုန်တိုင်းဘေးနှင့်ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး (မြို့နယ်အဆင့်) ဇာတ်တိုက်လေ့ကျင့်ခြင်း  အခမ်းအနားကို ဇွန်လ ၂၀ ရက်နေ့က ရေးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြကန်သာကျုံးနှင့် ရန်ကြီးအောင် အရန်မီးသတ်စခန်းတွင် ဆောင်ရွက်သည်။
ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် မြိတ်ကြက်ခြေနီအသင်း(ခွဲ)မှ စုပေါင်းသွေးလှူဒါန်း
Jun 22,2025
ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် ဒသမအကြိမ် မြိတ်တက္ကသိုလ်မိသားစု၏ စုပေါင်းသွေးလှူဒါန်းပွဲကို မြိတ်တက္ကသိုလ်ကြက်ခြေနီအသင်း(ခွဲ)မှကြီးမှူး၍ ဇွန်(၂၁)ရက် နံနက်ပိုင်းက မြိတ်ပြည်သူ့ဆေးရုံ သွေးလှူဘဏ်တွင်ကျင်းပခဲ့ပြီး  ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲသို့တက်ရောက်
Jun 22,2025
၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲနှင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် သစ်ပင်စိုက်ပျိုးပွဲကို  ဇွန်လ ၂၁ ရက် နံနက် ၉ နာရီက ဟားခါးမြို့၊ အမှတ်(၂)အခြေခံပညာနှင့် စက်မှုသက်မွေးအထက်တန်းကျောင်းဝန်း၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်မိုးဟိန်း၊ ပြည် နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စစ်ဗျူဟာ(အခြေချ)(ဟားခါး)မှ စစ်ဗျူဟာမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ချင်း ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။