အမရပူရ ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ငလျင်ဘေးသင့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ကလှူဒါန်းသောပစ္စည်းများကို သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များက ငလျင်ဘေးသင့်ပြည်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့သောလူသုံးကုန်ပစ္စည်း ၅၂ မျိုးတို့ကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှုများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)