သတင်းများ

သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများဆောင်ရွက်
Jun 24,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယမန်နေ့နံနက်က သထုံခရိုင် ပြည်သူ့ဆေးရုံကြီး၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
တောင်တွင်းကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်(အကြို) အသိပညာပေးနံရံကပ်စာစောင်ပြသ
Jun 24,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူစာကြည့်တိုက်တွင် ယနေ့နံနက်(၉)အချိန်က ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်(အကြို) အသိပညာပေး နံရံကပ်စာစောင် ပြသခဲ့သည်။
ပခုက္ကူမြို့၌ သွားတိုက်ဆေးအတု‌ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jun 24,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သွားတိုက်ဆေးအတုရောင်းချမှုရှိ/မရှိအခြေအနေကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ပန်းတောင်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေးအတွက်(အခမဲ့)စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
Jun 24,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေးအတွက်(အခမဲ့) စောင့်ရှောက်မှုလုပ်ငန်းများကို လစဥ်(၂၁)ရက်နေ့ နံနက်(၉:၃၀)အချိန်မှ ညနေ(၄:၀၀)အချိန်ထိ အခမဲ့ ဆေးကုသပေးလျက်ရှိပြီး ယမန်နေ့နံနက်(၉:၃၀)အချိန်တွင်လည်း(အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ ကျောင်းအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ချေလျော့ပါးရေး နည်းပြသင်တန်းဖွင့်လှစ်
Jun 24,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမန်နိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းဖွင့်လှစ်သည့် ကျောင်းအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ချေလျော့ပါးရေး နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်‌နေ့က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ သစ်တပွေရပ်ကွက် ရွှေဘုံသာရပ်ရှိ Country Hotel ၌ ကျင်းပသည်။
နတ်မောက်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jun 24,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အဖွဲ့ဝင်ကျောင်းသား/သူလေးများ ပူးပေါင်း၍ မုဒိတာစာဖတ်ဝိုင်း ကျင်းပ
Jun 24,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဇွန်လ ၂၂ ရက်နေ့နံနက်ပိုင်းက စာရေးဆရာဒေါက်တာတင်ထွန်းဦး၏"ဖိစီးမှုရှင်း သောကကင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ကျိုက်လတ်မြို့နယ် အမှတ်(၁)အခြေခံပညာ မူလတန်း(လွန်)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ်(၁)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ယနေ့နံနက်ပိုင်းက စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။