သတင်းများ

ခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ အစည်းအဝေး ကျင်းပ
Jun 25,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၉) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
ဝေါမြို့နယ်၊ မြစ်ကျိုးကျေးရွာ အ.ထ.က ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Jun 25,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်း (မြစ်ကျိုး)ကျောင်း၌ ကျင်းပသည်။
ခန္တီးမြို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ အခမ်းအနားပြုလုပ်
Jun 25,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန်၊ အသိပညာဗဟုသုတများရရှိပြီး သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက မိမိတို့ကိုယ်တိုင် ပါဝင်ကူညီ​ဆောင်ရွက်တတ်စေရန်အတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
Jun 25,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ရာသီဥတုသာယာမျှတစေရေးနှင့် သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများပိုမိုတက်ကြွစွာ ပါဝင်လာစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်(၇:၃၀)နာရီက ခရိုက်သစ်ကျေးရွာရှိ စက်မှုလယ်ယာရုံးဝင်းအတွင်း ကျင်းပခဲ့သည်။
ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ဘတ်စကက်ဘောပြိုင်ပွဲ အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစား
Jun 25,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘတ်စကက်ဘောပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မုဒုံမြို့နယ်ဘဏ်ခွဲ)မှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ဆက်လက်ထုတ်ချေးပေး
Jun 25,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက နိုင်းပြိုင်၊ ကလော့သော့၊ ထုံမံ၊ ကော့ပီထော်ကျေးရွာများရှိ တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မုဒုံမြို့နယ်ဘဏ်ခွဲ)မှ ထုတ်ချေးပေးခဲ့သည်။
မတ္တရာမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစုများပေးအပ်ပွဲ ကျင်းပ
Jun 25,2025
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ပန်းတိုင်အထွက် နှုန်းရရှိရေး သွင်းအားစုများပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက လွန်တောင်းကျေးရွအုပ်စု မင်္ဂလာသီရိကျေးရွာ တောင်သူ ဦးဘိုသန်း၏ လယ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
(ရွှေတောင်)အ.ထ.ကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်မှုဖြင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်
Jun 25,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဌာနနှင့်အခြေခံပညာဦးစီးဌာန ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်းပါဝင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက (ရွှေတောင်)အ.ထ.က အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ကြသည်။