မတ္တရာမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစုများပေးအပ်ပွဲ ကျင်းပ

မတ္တရာ ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ပန်းတိုင်အထွက် နှုန်းရရှိရေး သွင်းအားစုများပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက လွန်တောင်းကျေးရွအုပ်စု မင်္ဂလာသီရိကျေးရွာ တောင်သူ ဦးဘိုသန်း၏ လယ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးသန်းဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများတက် ရောက်ခဲ့ကြသည်။ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး/မြေ/ရေ/နီး နည်းပညာသုံး စိုက်ပျိုးခဲသော တောင်သူဦးဘိုသန်း၏ နွေစပါး (နှာကောက်) စံကွက်ကိုရိတ်သိမ်းခဲ့ရာတွင် (၁၈၀) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစုများပေးအပ်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေမှအဖွင့်အမှာစကားပြောကြားရာတွင် တောင်သူများ၏ သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက် ရပ်မိရပ်ဖများမှ ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကျန်းမာရေးကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ ဒေသတွင်း လုံခြုံအေးချမ်းစေရေးအတွက် ပြည်သူများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့မှ ဒေသဖွံ့ဖြိုးရေး သီးနှံအထွက်နှုန်းကောင်းမွန်ရေး၊ ရေပေးနေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပန်းတိုင်အထွက် နှုန်းရရှိရေး သွင်းအားစုများဖြစ်သည့် အောင်နိုင်တိုး မျိုးစပါးစေ့ ဧက (၁၀၀) အတွက် တင်း(၁၀၀)၊ စူပါဘိုကာရှိသဘာဝမြေဩဇာ (၅၀) အိတ်နှင့် ပိုက်ဆံလျှော် မျိုးစေ့ (၅၀) အိတ်တို့အား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများက ပေးအပ်ရာ တောင်သူများမှ လက်ခံရရှိခဲ့သည်။ မတ္တရာမြို့နယ်၌ နွေးစပါးစိုက်ဧက (၂၃၄၅၃) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)