တောင်ငူမြို့၊ ငွေတောင်ဦးဘုန်းတော်ကြီးကျောင်းရှိ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေး ကြည့်ရှုစစ်ဆေးခြင်းဆောင်ရွက်
Jun 23,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဇွန် ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ခပေါင်းချောင်းရေကြီးရေလျှံမှုဖြစ်ပေါ်ကာ မြေနိမ့်ပိုင်းရှိကျေးရွာများသို့ ချောင်းရေဝင်ရောက်ခဲ့မှုကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားလျက်ရှိရာ ယမန်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက တောင်ငူမြို့၊ အမှတ်(၁၈)ရပ်ကွက်၊ ငွေတောင်ဦးဘုန်းတော်ကြီးကျောင်းရှိ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးကြည့်ရှုစစ်ဆေးပေးသည်။