မရမ်းကုန်း ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ ဇွန်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ဂီတနေ့ကြိုဆိုပွဲကို ပညာပွင့်ဆန်းမဟာထိပ်တန်းကိုယ်ပိုင်ကျောင်း သစ္စာခန်းမတွင် ဇွန် ၂၄ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြန်မာ့ဂီတနေ့ သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်ဂီတအစည်းအရုံးဥက္ကဋ္ဌ ဒေါ်လွင်မာစိုးနှင့် မရမ်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် (၂) ဦးရဲဝင်းအောင်တို့က အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်က မြန်မာ့ဂီတနေ့အကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ဂီတအစည်းအရုံးဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ ဂီတအစည်းအရုံးအဖွဲ့ဝင်များမှ တေးဂီတများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)