ဟိုင်းကြီးကျွန်း ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၀၆း၃၀) နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ၊ မြတ်သီရိ ကိုယ်ထူကိုယ်ထပျံကျစျေးသို့ ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုပြီး ပလတ်စတစ်အိတ်များ ဆက်လက်သုံးစွဲနေမှုရှိ/မရှိကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းနှင့် မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများသည် စျေးတွင် စျေးရောင်း၊ စျေးဝယ်နေကြသော ပြည်သူများအနေဖြင့် အသားငါးများနှင့် ဟင်းသီး ဟင်းရွက်များ၊ အသုံးဆောင်ပစ္စည်းများအား အရောင်း၊ အဝယ်ပြုလုပ်ရာတွင် ပလတ်စတစ်အိတ်များ သုံးစွဲမည့် အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ ဗာဒံရွက်၊ စက္ကူများ စသည့် ပစ္စည်းများဖြင့် အစားထိုး သုံးစွဲကြရန်နှင့် ပလတ်စတစ်အိတ်များကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများအား အသိပညာပေးပြောကြားခဲ့ပြီး ပလတ်စတစ်အိတ်များ ဆက်လက်သုံးစွဲနေမှု ရှိ/မရှိကို ကြည့်ရှုစစ်ဆေးကာ ပလတ်စတစ်အိတ်များကို သုံးစွဲပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင်