လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အင်းတိုင်)၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လှည်းကူး ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း (အင်းတိုင်)ရှိ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးခင်ဇော်ဦးဆောင်၍ မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာတင်နိုင်နှင့် ကျောင်းကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးမှူး ဒေါ်ကြည်ကြည်လွင်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်း(အင်းတိုင်)မှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်း၊ မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်း၊ သံဓာတ်အားဆေးတိုက်ကျွေးခြင်းနှင့် သွားကျန်းမာရေးစစ်ဆေးပေးပြီး သွားနှုတ်ပေးရန်လိုအပ်သော ကျောင်းသား၊ ကျောင်းသူများအား သွားနှုတ်ပေးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့ (လှည်းကူး)