သတင်းများ

သင်္ကြန်ကာလတွင် နိုင်ငံခြားသားများ လာရောက်လည်ပတ်သော နေရာတစ်ခုအဖြစ် Night market တစ်ခု ဖန်တီးသွားမည်
Feb 25,2020
မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်ကာလ ညပိုင်းတွင် နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်သော နေရာတစ်ခုဖြစ်လာစေရန် ၃၈လမ်း၊ ၇၃လမ်းနှင့် ၇၈လမ်းကြားတွင် Night market တစ်ခု ဖန်တီးသွားရန် စီစဉ်ထားကြောင်း သိရသည်။
မြန်အောင်ပြည်သူ့ဆေးရုံတွင် Township Health Working Group Meeting ကျင်းပ
Feb 25,2020
မြန်အောင်မြို့နယ် ကျန်းမာရေးအထောက်အကူပြု အဖွဲ့အစည်းအဝေး ( Township Health Working Group Meeting)ကို ယနေ့ နံနက်က မြို့နယ်ပြည်သူ့ဆေးရုံ (၃)ထပ် အဆောင်သစ်တွင် ကျင်းပပြု လုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချို၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ‌ဒေါက်တာအောင်ဝင်းနှင့်မြန်အောင် ပြည်သူ့ဆေးရုံ အထောက်အကူပြု အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ Essential Health Project မြို့နယ်ဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။
မိတ္ထီလာမြို့နယ် ဆပ်ပြာကျင်းကျေးရွာအုပ်စု သဖန်းခါးကုန်းကျေးရွာဖွံ့ဖြိုးရေး ဂန့်ဂါး မြေသားလမ်း၏ ၂ မိုင်ခန့်အား ဖောက်လုပ်ဆောင်ရွက်လျက်ရှိ
Feb 25,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအုပ်စု သဖန်းခါးကုန်း ကျေးရွာ ဖွံ့ဖြိုးရေး ဂန့်ဂါးမြေသားလမ်း ၂ မိုင်ခန့်အား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မျှဝေခြင်း အစီအစဉ် ဖြင့် သဖန်းခါးကုန်း ကျောင်းဆရာတော်ဘဒ္ဒန္တစာရိန္ဒမှ ဦးဆောင်ကြီးကြပ်၍ ဖောက်လုပ်လျက် ရှိကြောင်းသိရသည်။
မိုးနဲမြို့ ကွန်နားကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ရေစုကန်တည်ဆောက်
Feb 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာနေ ပြည်သူများ နွေရာသီရေးရှားပါမှု မရှိစေရေးအတွက် စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ရေစုကန် တည်ဆောက်ပေးခြင်းကို ရွှေမိုးနဲဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်‌ပေးလျက် ရှိကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ 2019 Novel Corona Virus အဆုတ်ရောင် ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Feb 25,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော 2019 Novel Corona Virus အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သဘာဝမြေဆွေး အသုံးပြုရေး ပညာပေးဆောင်ရွက်
Feb 25,2020
ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဂန့်ဂေါမြို့နယ်အတွင်း သဘာဝ မြေဆွေးပုံများ တိုးချဲ့အသုံးပြုနိုင်ရေး ပညာပေး ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း ကျေးရွာ ၁၂ ရွာတွင် သဘာဝမြေဆွေးပုံ ၂၅ ပုံ ပြုလုပ်ထာပြီးဖြစ်ကြောင်း သိရသည်။
ကျေးလက်ကုန်ထုတ်လမ်း (၅) လမ်းကို တိုင်းဒေသကြီးရန်ပုံငွေဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်
Feb 25,2020
မိတ္ထီလာမြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်း (၅) လမ်းကို တိုင်းဒေသကြီးရန်ပုံငွေ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
မိတ္ထီလာစီးပွားရေးတက္ကသိုလ်၌ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲကျင်းပ
Feb 25,2020
မိတ္ထီလာမြို့နယ်၌ လူကုန်ကူးမှု အသိပညာဟောပြောပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၃၀မိနစ်အချိန်က စီးပွားရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။