ကျေးလက်ကုန်ထုတ်လမ်း (၅) လမ်းကို တိုင်းဒေသကြီးရန်ပုံငွေဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်

မိတ္ထီလာ  ဖေဖော်ဝါရီ ၂၅

မိတ္ထီလာမြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်း  (၅) လမ်းကို တိုင်းဒေသကြီးရန်ပုံငွေ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရောင်းဝယ်ရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဘဏ္ဍာနှစ်လိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း  (၅) လမ်းကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ၎င်းကျေးလက်ကုန်ထုတ်လမ်းများကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မှ တာဝန်ယူ၍ ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်၍ ခရိုင်ချင်းဆက်လမ်းမှ သံဘိုးကျေးရွာ ဆက်သွယ်သည့်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် စက်ပစ်တောင်လမ်း၊ ကျိတ်ပုလဲ- ကျောင်းရွာ ဆက်သွယ်သည့်လမ်း၊ အုတ်နှဲဘုတ်လမ်း၊ ခရိုင်ချင်းဆက်လမ်းမှ လက်ပံ့အိုင့်ကျေးရွာလမ်းများကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်လျက်ရှိသည်။

အဆိုပါလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးပါ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရောင်းဝယ်ရာတွင် ရာသီမရွေး လွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဒေါ်စမ်းစမ်းဝါက ပြောကြားခဲ့သည်။

သိန်းမြင့်ကျော်(ခရိုင်ပြန်/ဆက်)