သတင်းများ

ပေါင်းတည်မြို့နယ်တွင် တောင်ပေါ်ဒေသရှိ ငှက်ဖျား စေတနာ့ဝန်ထမ်းများအား မိုဘိုင်းဖုန်းဖြင့် ငှက်ဖျားလူနာ သတင်းပေးပို့ခြင်း လမ်းညွှန်မှုသင်တန်းဖွင့်လှစ်
Aug 10,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက
အင်္ဂပူမြို့နယ်တွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)ရန်ပုံငွေများ လွှဲပြောင်းပေးအပ်
Aug 10,2020
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်‌‌ ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက ကျေးရွာမတည် ရန်ပုံ‌ငွေစီမံကိန်း (VRFP)ရန်ပုံငွေများ လွှဲပြောင်းပေးအပ် ပြုလုပ်ခဲ့‌သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ပေါက်ပင်ဆိပ်ကျေးရွာတွင် ကျေးရွာလမ်း ကွန်ကရစ် လမ်းခင်းခြင်း ဆောင်ရွက်
Aug 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်း ဒေသဖွံဖြိုးရေး လုပ်ငန်းများ အလေးထား ဆောင်ရွက်လျက်ရှိရာ အရာတော်မြို့နယ်၊ ပေါက်ပင်ဆိပ်ကျေးရွာတွင် ကျေးရွာလမ်းကို မြေသားလမ်းမှ ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် မြို့နယ် ဒေသဖွံဖြိုးရေး ယာဉ်နှင့် ယာဉ်ရန္တယား ပိုလျှံ ရန်ပုံငွေကျပ် သိန်း(၃၀)ပြည်သူထည့်ဝင် လှူဒါန်းငွေကျပ်သိန်း (၇၀)ကျော်ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဟားခါး၌ ကိုဗစ် - ၁၉ Economic Relief Plan အရ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ အခမဲ့ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနား ဟားခါးမြို့၌ ကျင်းပ
Aug 10,2020
ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ငါးမွေးတောင်သူများ၏ စီးပွားရေး ထိခိုက်မှုကို သက်သာစေရေး ရည်ရွယ်လျက် ကိုဗစ် - ၁၉ Economic Relief Plan ဖြင့် ဟားခါးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ် တက်ရောက်၍ ငါးမွေးတောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၉-၂၀၂၀  ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲ​အောင်မြင်သူများတွင် ​ကျောက်တံတားမြို့နယ်မှ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး (၁၂)ဦးတွင်ပါရှိ
Aug 10,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊​ ကျောက်တံတားမြို့နယ်တွင် ၂၀၁၉-၂၀၂၀  ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်ဘာသာ စုံဂုဏ်ထူးဖြင့်​အောင်မြင်သူ(၃)ဦးမှ ​မောင်​ကောင်းဆက်လင်းသည် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူ(၁၂)ဦးစာရင်းတွင်ပါဝင်ခဲ့​ကြောင်းသိရသည်။
ပုလဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၀၅၅ ဦး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သောကြောင့် အောင်ချက်ရာခိုင်နှုန်း ၃၀.၆၆ ရာခိုင်နှုန်းရရှိ
Aug 10,2020
မြန်မာတစ်နိုင်ငံလုံးတွင် ယမန်နေ့ ၂၀၂၀ပြည့်နှစ်၊ မတ်လတွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာန Website များမှတဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ
ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၄၆.၇၆ ရာခိုင်နှုန်းရှိ
Aug 10,2020
ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်မှုရာခိုင်နှုန်း ၄၆.၇၆ ရာခိုင်နှုန်းဖြင့် အောင်မြင်ကြောင်း သိရှိရသည်။
အင်တောမြို့ တောင်းခမ်းကျေးရွာ၌ အပြည်ပြည်ဆိုင်ရာဌာနေ တိုင်းရင်းသားများနေ့အထိမ်းအမှတ် သစ်ပင် (၂၈၀၀)ပင် စိုက်ပျိုး
Aug 10,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စု၊ တောင်းခမ်းကျေးရွာ၌ သစ်တောဦးစီးဌာနနှင့် ပွိုင့်-ရိုးရာမြှင့်တင်ရေးအဖွဲ့တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာဌာနေ တိုင်းရင်းသားများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က အဆိုပါကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် အင်းစိမ်းကန်၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။