ခန္တီး သြဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက် ၂ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၄၃၇ စင်တီမီတာထိ မြင့်တက်လာပြီး ၂၄ နာရီအတွင်း အမြင့်ဆုံးရေမှတ်ဖြစ်ကာ ယနေ့နံနက် ၆ နာရီခွဲအချိန်တွင် ၁ စင်တီမီတာ ပြန်ကျလာပြီဖြစ်ကြောင်း ခန္တီးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
'' ယနေ့ နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ ၁၄၃၆ စင်တီမီတာဖြစ်ပါတယ်။ ယနေ့နံနက် ၂ နာရီခွဲမှာ ၁၄၃၇ စင်တီမီတာဖြစ်ပြီး အမြင့်ဆုံးရေမှတ်ဖြစ်ပါတယ်။ ၅ နာရီခွဲထိ ၁၄၃၇ စင်တီမီတာမှာ တန့်နေပါတယ်။ ၆ နာရီခွဲမှာ ၁ စင်တီမီတာ ပြန်ကျတာပါ '' ဟု ခန္တီးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
မြစ်ရေပြန်ကျလာသော်လည်း ခန္တီးမြို့ အနိမ့်ပိုင်းရှိ ဝင်ရောက်နေသော အင်းရေ (မိုးရေ) များကတော့ မြင့်တက်နေဆဲဖြစ်ကြောင်း၊ ခန္တီးမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၃၆၀ စင်တီမီတာဖြစ်သဖြင့် လက်ရှိအချိန်ထိ စိုးရိမ်ရေမှတ်ထက် ၇၆ စင်တီမီတာ ကျော်လွန်နေသေးကြောင်း သိရှိရသည်။
အမ်းအင်းလမ်း(ပြန်/ဆက်)