ကံမမြို့တွင် ဈေးကွက်အတွင်းရှိ သနပ်ခါးအမည်ခံ အလှကုန်များအား မြန်မာဘာသာဖြင့် ပူးတွဲဖော်ပြရာ၌ ဥပဒေပါ ညွှန်ကြားချက်များနှင့်အညီ ကိုက်ညီမှု ရှိ /မရှိ ကွင်းဆင်းစစ်ဆေး

ကံမ ဩဂုတ် ၂၀

မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် အလှကုန်ဆိုင်များ၊ ကုန်မျိုးစုံဆိုင်များနှင့် စတိုးဆိုင်များ၌ ရောင်းချလျက်ရှိသော သနပ်ခါးအမည်ခံ အလှကုန်များအား စားသုံးသူကာကွယ်ရေး ဥပဒေနှင့် ကိုက်ညီမှု    ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းနှင့် ဝန်ထမ်းများ၊    မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်   မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့  နံနက် ၁၁ နာရီက   ကွင်းဆင်းစစ်ဆေး   ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင်  ပြည်တွင်း ပြည်ပမှ ထုတ်လုပ်တင်သွင်း ဖြန့်ဖြူးရောင်းချလျှက်ရှိသော  သနပ်ခါး အမည်ခံအလှကုန် (၁၀) ဂရမ်အထက်နှင့် (၁၀)ဂရမ်အောက် အလှကုန်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ  ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပူးတွဲဖော်ပြရာ၌ ဥပဒေပါ ညွှန်ကြားချက်များနှင့် အညီ ကိုက်ညီမှုရှိ မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး  အသိပညာပေး လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကျော်ဇေယျဝင်း (ကံမ)