အင်းစိန်မြို့နယ်၌ မြို့သစ်ဈေးတာဝန်ခံရုံးခန်းအသစ် ပြန်လည်ပြုပြင် တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မြို့သစ်ဈေးတာဝန်ခံရုံးခန်း အသစ် ပြန်လည်ပြုပြင် တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ က္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် ဈေးများဌာနမှ မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်စန်းနှင့် ဈေးတာဝန်ခံများနှင့်အတူ မြို့သစ်(ဂ)ရပ်ကွက်၊ မြို့သစ် ဈေး တာဝန်ခံရုံးခန်း အသစ် ပြန်လည်ပြုပြင် တည်ဆောက်နေမှုနှင့် ပြီးစီးမှု အခြေအနေအား လိုက်လံ ကြည့်ရှု စစ်ဆေး ခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)