သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် CASH FOR WORD အစီအစဉ်ဖြင့် ရေပေးမြောင်းလက်တံများ ချုံနွယ်ရှင်းလင်းခြင်းနှင့် သဲနှုန်းဆယ်ယူခြင်း လုပ်အားခများပေးအပ်
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းရှိ သုံးပန်လှ အောင်စေပိုင်စေ၊ ရွှေလှေ (ဗန္ဓုလ)မြစ်ရေတင် လုပ်ငန်းများတွင် လက်တံမြောင်းများ ချုံနွယ်ရှင်းလင်းခြင်း၊ မြောင်းရေသွား လမ်းတစ်လျောက် သဲနှုန်း ဆယ်ယူခြင်း လုပ်ငန်းများအတွက် လုပ်အားခပေးအပ်ပွဲကို ယမန်နေ့က နေရာသုံးနေရာတွင် ကျင်းပပြု လုပ်ခဲ့သည်။
ကာမိုင်းမြို့လမ်းဆုံဂိတ်၌ ကိုဗစ်-၁၉ရောဂါ မပေါ်ပေါက်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်
Aug 24,2020
ကိုဗစ်-၁၉ရောဂါ ဒုတိယလှိုင်း မပေါ်ပေါက်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေး အနေဖြင့် အနယ်နယ် အရပ်ရပ်မှ ဝင်ရောက်ဖြတ်သန်း သွားလာလျက်ရှိသော ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား ကချင်ပြည်နယ် ဖားကန့် မြို့နယ် ကာမိုင်းမြို့လမ်းဆုံဂိတ်၌ ယနေ့နံနက် ၆ နာရီက အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သန်လျင်၌ ကိုဗစ်ကာလ ပြည်သူများ အဆင်ပြေစေရေး အလုပ်သမား မှတ်ပုံတင်ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေး
Aug 24,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ယနေ့ နံနက်က မြို့နယ်အလုပ်သမားညွှန်ကြားရေး ဦးစီးဌာ ဝန်ထမ်းများက ကိုဗစ်ကာလ ပြည်သူများ အလုပ်အကိုင်အဆင်ပြေစေရေးအတွက် ခရမ်းနှင့်သုံးခွ မြို့နယ်ရုံးများမှ ပြည်သူများအား အလုပ်သမား မှတ်ပုံတင်ကတ်(လေဘာ)များကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။
ဟားခါးမြို့နယ်အတွင်း Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်း စိစစ်ခြင်းများ ဆောင်ရွက်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 24,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သက်ဆိုင်ရာရပ်ကွက် ကျေးရွာကော်မရှင်ရုံး များနှင့် ဟားခါးမြို့ အများပြည်သူ သွားလာသည့် လမ်းမကြီးများဘေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းကြေညာမှုများအား ပထမအကြိမ် ဆောင်ရွက်ပေးခဲ့ပြီးနောက် မဲစာရင်းများပြည့်စုံ မှန်ကန်မှု ရှိစေရေး ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်း စိစစ်ခြင်းများအား ဆက်လက်ဆောင်ရွက်သွားနိုင်ရေး တွေ့ဆုံရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ဟားခါးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
မိုးကောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၃)ဦး ရွေးချယ်
Aug 24,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးဆောင်ရွက်သည့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၃)ဦး ရွေးချယ်တင်မြှောက်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်၊ ကျွန်းလှခုံကျေးရွာတွင် အခြေခံဖိနပ်လုပ်နည်း သင်တန်း အခမဲ့သင်ကြား
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကျွန်းလှခုံကျေးရွာတွင် အိမ်းတွင်းမှုပညာ အခြေခံ ဖိနပ်လုပ်နည်းသင်တန်းကို ယမန်နေ့က ချင်းတွင်းမေတ္တာပရဟိတအသင်းမှ ဒေါ်ရီရီမြင့် က အခမဲ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးမှု ဆောင်ရွက်
Aug 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊တောင်ကြီးမြို့တွင် ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပ မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မှန်ကန်သော မဲဆန္ဒရှင် စာရင်းများ ပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေးအတွက် တောင်ကြီးမြို့နယ် မြေပြင် ကွင်းဆင်း စိစစ်ရေးအဖွဲ့သည် ဩဂုတ်(၂၂)ရက်နေ့မှစ၍ မြေပြင်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးပြင်ဆင် ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အေးသာယာမြို့ အမှတ်(၉)ရပ်ကွက် နှင့် ရွှေညောင်မြို့၊ ဓနသိဒ္ဓိ ရပ်ကွက်များသို့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း စနစ်ဖြင့် မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင် စစ်ဆေး ပြင်ဆင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ညောင်တုန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။