သတင်းများ

လွိုင်ကော်မြို့၌ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့် အချက်များအား အသိပညာပေးရှင်းလင်းဆွေးနွေး
Aug 21,2020
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့် အချက်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ်၊ နောင်ယား (က) ရပ်ကွက်ရှိ GOLD Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
သန်လျင်၌ အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Aug 21,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (သန်လျင်) လူထုအခြေပြုဗဟို ဌာန(Community Centre)၌ ယနေ့ နံနက်(၁၀)နာရီတွင် စာရေးဆရာဖေမြင့် ရေးသားသော “အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက် ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် တောင်ပိုင်းခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်လှပိုမိုက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များ စာဖတ်သူများတစ်ဦးနှင့် တစ်ဦး မျှဝေခြင်းဖြင့် အသိပညာများ ဖလှယ်ပေးခြင်း၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း အနာဂတ်နိုင်ငံ့တာဝန်ထမ်းဆောင်မည့် လူငယ်များ စာများများဖတ်ခြင်းဖြင့် အသိပညာ များ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။
လှိုင်သာယာမြို့နယ်တွင် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်လျက်ရှိ
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ မိုးရာသီတွင် ဖြစ်ပေါ်တတ်သော ရေမြောင်းများ ပိတ်ဆို့မှု ကင်းဝေးစေပြီး ရေစီးရေလာကောင်းမွန်စေရေးအတွက် ညောင်ကျေးရွာနှင့် ရွှေလင်ပန်းကျေးရွာအုပ်စု ကျန်စစ်သားလမ်း မဘေးရှိ မြောင်းများအတွင်း ပိတ်ဆို့နေ သော အမှိုက်များအား ယမန်နေ့ နံနက်(၉)နာရီအချိန်က ရှင်းလင်း ဆောင်ရွက်ခဲ့ သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း အိမ်ထောင်စု(၆၇၈၄၆)စုအား ကျပ်နှစ်သောင်းစီ စတုတ္ထအကြိမ် ထပ်မံထောက်ပံ့
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်း ရပ်ကွက်(၉) ရပ်ကွက်နှင့် ကျေးရွာ(၅) ရှိရာ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား စတုတ္ထအကြိမ်အဖြစ် ငွေကျပ်နှစ်သောင်းစီ ထပ်မံထောက်ပံ့ခြင်း ကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အခြေခံလူတန်းစား အိမ်ထောင်စုများကို ပေးအပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ပြည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 21,2020
မကြာမီရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တွေ့ရှိခဲ့သော ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုများနှင့် ပတ်သက်၍ ဒေသတွင်း ထိစပ်နေမှုကြောင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ဒေသန္တရကျန်းမာရေးဌာနရုံး၌ ယနေ့ နံနက်ပိုင်းက ပြုလုပ် ခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 21,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိစေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသော မဲဆန္ဒရှင် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေး အတွက် သစ္စာစီမံချက်ဖြင့် လွိုင်ကော်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနနှင့် ကယားပြည်နယ် NORWEGIAN REFUGEE COUNCIL (NRC) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက လွိုင်ကော် မြို့နယ်၊ မိုင်းလုံးရပ်ကွက် အ.မ.က မိုင်းလုံး(ခ) မူလတန်းကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ သည်။
ဒီးမော့ဆိုမြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲကျင်းပ
Aug 21,2020
တောင်သူများ လယ်ယာသုံးစက်ကိရိယာစနစ်တကျ ကိုင်တွယ်မောင်းနှင်တတ်စေရန်နှင့် ထိန်းသိမ်းကြံခိုင်မှု ဆောင်ရွက်နိုင် စေရန် ရည်ရွယ်ဖွင့်လှစ် သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၀) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ဒီးမော့ဆို မြို့နယ် အမှတ်(၈၆) စက်မှု လယ်ယာစခန်း(ခွဲ)တွင် ကျင်းပပြုလုပ်သည်။