ကာမိုင်းမြို့လမ်းဆုံဂိတ်၌ ကိုဗစ်-၁၉ရောဂါ မပေါ်ပေါက်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်

ကာမိုင်း  ဩဂုတ်  ၂၄

ကိုဗစ်-၁၉ရောဂါ ဒုတိယလှိုင်း မပေါ်ပေါက်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် အနယ်နယ်အရပ်ရပ်မှ ဝင်ရောက်ဖြတ်သန်း သွားလာ လျက် ရှိသော ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား ကချင်ပြည်နယ် ဖားကန့် မြို့နယ် ကာမိုင်းမြို့လမ်းဆုံဂိတ်၌ ယနေ့နံနက် နာရီက အရှိန် အဟုန်မြှင့် တင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၎င်းလမ်းဆုံ စစ်ဆေးရေးဂိတ်သည် ဖားကန့် မြို့နယ်အတွင်းသို့ စီးပွားရေးလုပ်ကိုင် ရှာဖွေ ကြရာတွင် အနယ်နယ်အရပ်ရပ်မှ အဓိကလာရောက်ရာ အချက်အချာ အကျဆုံးဂိတ်ဖြစ်၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ် မရှိစေရန် အတွက် ရည်ရွယ်ပြီး ကာမိုင်းမြို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့များက ခရီးသွား ပြည်သူ များနှင့် ယာဉ်မောင်းများကို ကိုယ်အပူချိန်တိုင်းတာပြီး ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးခြင်းနှင့် ခရီးသွားလာမည့် နေရာအား မေးမြန်းပြီး မှတ်တမ်း ကောက်ယူပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရီးသွားပြည်သူများအနေဖြင့် ကျန်းမာရေး စောင့်ရှောက် စစ်ဆေးရေးအဖွဲ့က နံနက် နာရီမှ စ၍ ညနေ နာရီအထိ ကျန်းမာရေး စောင့်ကြပ် ကြည့်ရှုခြင်း အသိပညာပေး လုပ်ငန်းများကို ၎င်းလမ်းဆုံဂိတ်တွင် နေ့စဉ်အလှည့်ကျ တာဝန် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ဇွဲသူရအောင် (ပြန်/ဆက်)