သတင်းများ

လူထုဗဟိုပြုစီမံကိန်းမှ ဆောင်ရွက်ပြီးစီးသော လုပ်ငန်းခွဲများအား လူထုစစ်ဆေးပွဲ ကျင်းပြုလုပ်
Aug 21,2020
စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်း ခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယ)နှစ်စက်ဝန်းအတွက် လုပ်ငန်း ဆောင်ရွက်ပြီးစီး သော ကဒူးကြီးအုပ်စု ဒေါတမနှင့်နောင်လောင်း ကျေးရွာ၌ လူထုစစ်ဆေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ က ကျင်းပ ပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်အတွင်း ကလေးအလုပ်သမား ပပျောက်ရေးအတွက် လုပ်ငန်းပေါင်း (၅၇၈) ခုတွင် စစ်တမ်းများ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရ
Aug 21,2020
ချင်းပြည်နယ်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီကို (၂၀၁၉) ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးအမိန့်အမှတ် (၁၃/၂၀၁၉) ဖြင့်ဖွဲ့စည်းခဲ့ပြီး ပြည်နယ်အတွင်း ကလေးအလုပ်သမား ပပျောက်ရေး စစ်တမ်းကို ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး၏ လမ်းညွှန်မှုကိုခံယူ၍ စာရင်းကောက်ယူရေးလုပ်ငန်း ဆပ်ကော်မတီကို ချင်းပြည်နယ် ဗဟိုစာရင်းအင်းအဖွဲ့မှ ဦးဆောင်ကာ ချင်းပြည်နယ်အတွင်း ပလက်ဝမြို့နယ်မှအပ ကျန်မြို့နယ် များတွင် စစ်တမ်း ကောက်ယူလျက်ရှိကြောင်း သိရှိရပါသည်။
သရက်ခရိုင် ဆင်ပေါင်ဝဲမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်အခွင့်အရေး လိုင်စင်များ အခြားနည်းဖြင့်လေလံရောင်းချပွဲကျင်းပ
Aug 21,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်၊ အရပ်ရပ် အခွင့်အရေး လိုင်စင်များ အခြားနည်းဖြင့်လေလံရောင်းချပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် စည်ပင် သာယာရေးအဖွဲ့ရုံးခန်းမ၌ ကျင်းပသည်။
မြောင်းမြခရိုင်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြောင်းမြခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ကန့်ဘလူမြို့ရှိလမ်းများတွင် LED မီးလုံးများ တပ်ဆင်
Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ လမ်းမများတွင် ညပိုင်းကာလ၌ ယာဉ်အန္တရာယ် ကင်းစင်စေရန်နှင့် မြို့တွင်းလုံခြုံရေး အထောက်အကူရရှိစေရန်၊ မြို့အင်္ဂါရပ် နှင့်အညီ သာယာလှပရေးအတွက် ရည်ရွယ်၍ LED မီးလုံး (ဝပ် ၁၀၀) နှင့် မီးကိုင်း (အုပ်စုံ) ၁၀၀ ကို တပ်ဆင်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ညောင်ရွှေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲဆန္ဒရှင်စာရင်းစိစစ်အတည်ပြုရေး အစည်းအဝေးပြုလုပ်
Aug 21,2020
ညောင်ရွှေမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ ပြုလုပ် နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်အချက်အလက်များ ပြည့်စုံ မှန်ကန်မှုရှိစေရေး မြို့နယ် ကော်မရှင် အဖွဲ့ခွဲအစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့အတွင်းရှိ ကျေးရွာများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများအား ပြည်သူများ၏ လက်ဝယ်အရောက်ပေးအပ်
Aug 21,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယ‌မန်နေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။