ပင်လည်ဘူးမြို့နယ်၌ CERP အစီအစဉ်ဖြင့် ဆောင်ရွက်နေသော (Cash for Work) စီမံကိန်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Aug 22,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ဟန်ဖဲကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ CERP အစီအစဉ်ဖြင့် ဆောင်ရွက်နေသော(Cash for Work) စီမံကိန်းလုပ်ငန်းဖြစ်သည့် ကျေးရွာတွင်းရေမြောင်း တူးဖော်ခြင်းလုပ်ငန်း၊ ရွာတွင်း ပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း၊ ဂါလံ (၂၀၀၀)ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေများကို ယမန်နေ့က မြို့နယ်ကျေးလက်ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့်ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။