သတင်းများ

မိုင်းတုံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ အမည်စာရင်းလွှဲမှားမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး
Aug 23,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းများ ပြည်စုံမှန်ကန်ရေးနှင့် မဲဆန္ဒရှင်စာရင်းများလွဲမှားမှုမရှိစေရန် အိမ်ထောင်စုစာရင်းများနှင့် တိုက်ဆိုင်စိစစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့သည်။
ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၁၂) ဦးထပ်မံဝင်ရောက်
Aug 23,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့မြန်မာ-တရုတ်နှစ်နိုင်ငံနယ် စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဩဂုတ်လ ၂၁ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၁၁) ဦး နှင့် ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က(၁)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၂)ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 23,2020
တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁) နာရီတွင် ဖြူးမြို့၊မြို့နယ်စည်ပင်သာယာရေးကော်မတီခန်းမတွင် ကျင်းပခဲ့သည်။
မြင်းခြံမြို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနရုံးတွင် “ပဲစင်းငုံသီးနှံနှင့် နှံစားပြောင်းသီးနှံတို့၏ အာဟာရတန်ဖိုးမြှင့်တင်ရေး အထောက်အကူပြု ကွင်းဆက်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ” ကျင်းပ
Aug 23,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံစိုက်ပျိုးရေးဦးစီးဌာနရုံးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် Syngenta Foundation တို့ ပူးပေါင်းကျင်းပသော ပဲစင်းငုံသီးနှံနှင့် နှံစား ပြောင်းသီးနှံတို့၏ အာဟာရတန်ဖိုးမြှင့်တင်ရေး အထောက်အကူပြု ကွင်းဆက်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန် က ပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ မိုးစပါး RS to CS မျိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 23,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ မိုးစပါး RS to CS မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
စေတုတ္တရာမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Aug 23,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်မိသားစုများအား ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဆောင်သော မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တိုက်ကြီးမြို့နယ်၌ ကျင်းပ
Aug 23,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြည့် စုံမှန်ကန်ရေးနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ဦးဆောင်သော မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့စွမ်းရည်မြှင့်မားရေး မြေပြင်မီးငြှိမ်းသတ်ရေး လေ့ကျင့်
Aug 23,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်မြင့်မားရေးအတွက် မြေပြင်မီးငြိမ်းသတ်ရေး စွမ်းရည်မြှင့်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့သည်။