ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့စွမ်းရည်မြှင့်မားရေး မြေပြင်မီးငြှိမ်းသတ်ရေး လေ့ကျင့်

ဆိပ်ဖြူ   ဩဂုတ်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်မြင့်မားရေးအတွက် မြေပြင်မီးငြိမ်းသတ်ရေး စွမ်းရည်မြှင့်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့သည်။

အဆိုပါ လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးအောင်ဇော်လင်းက ကြီးကြပ်၍ မြို့မမီးသတ်စခန်းမှူး ဦးဖြိုးဝေအောင်နှင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်သည့် မီးလောင်ကျွမ်းမှုများကို ထိန်ချုပ်ကာကွယ်နိုင်စေရန် လေ့ကျင့်ဆောင်ရွက်ခြင်း ဖြစ်သည်။

မီးသတ်တပ်ဖွဲ့ဝင်များသည် သဘာဝဘေးအန္တရာယ်အမျိုးမျိုးရင်ဆိုင်ကာ ပြည်သူလူထူ၏ အသက်အိုးအိမ်များကို ကာကွယ်ရသည့် တပ်ဖွဲ့ဖြစ်သည့်အတွက် တပ်ဖွဲ့ဝင်များသည် စွမ်းရည်ပြည့်ဝပြီး ယာဉ်စက်ပစ္စည်းများ ကြံခိုင်မှုရှိစေရန် စဉ်ဆက်မပြတ် လေ့ကျင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးအောင်ဇော်လင်းက ပြောသည်။ 

ကိုဇွဲ (အညာမြေ)