ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၁၂) ဦးထပ်မံဝင်ရောက်

ချင်းရွှေဟော်  ဩဂုတ် 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့မြန်မာ-တရုတ်နှစ်နိုင်ငံနယ် စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဩဂုတ်လ ၂၁ ရက်နေ့၊ ညနေ()နာရီအချိန်က(၁၁) ဦး နှင့် မန်နေ့မွန်းလွဲ()နာရီအချိန်က()ဦး  စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၂)ဦး  ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၂)ဦးတို့မှာ အမျိုးသား()ဦး၊ အမျိုးသမီး()ဦး   တို့ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်မှ()ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှ()ဦး၊ တန့်ယန်း မြို့နယ်မှ ()ဦး၊ မိုးမိတ်မြို့နယ်မှ ()ဦး၊ သိန္နီမြို့နယ်မှ()ဦး၊ ကွမ်းလုံမြို့နယ်မှ()ဦးနှင့် ဟိုပန်မြို့နယ်မှ()ဦး တို့ဖြစ်ကြောင်း သိရသည်။

ထိုသို့   ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့  စနစ်တကျစီစဉ် လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၈၁၃၅)ဦး နှင့် အမျိုးသမီး(၆၅၁၂)ဦး တို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၁၄၆၄၇)ဦးတို့ကို လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)