နမ့်ဆန်၌ ဆန္ဒမဲပေးစဉ်လုံခြုံချောမွေ့စေရေး မဲရုံအသုံးပြုမည့် လျားထားနေရာများအား ကြည့်ရှုစစ်ဆေး

နမ့်ဆန်          ဩဂုတ်  ၂၄

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင် ချောမွေ့စွာကျင်းပနိုင်ရန် မြို့နယ် ကော်မရှင် အဖွဲ့ခွဲတာဝန်ရှိသူများနှင့် ရပ်ကျေးကော်မရှင် အဖွဲ့ဝင်များတို့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ လျာထားမဲရုံနေရာများ၏ လိုအပ်ချက်များအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုပြီး လိုအပ်ချက်  များ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ကြည့်ရှုဆောင်ရွက်ရာတွင်  မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးစိုင်းဝင်းထွဋ်အောင် တို့နှင့်အတူ ရပ်ကျေးကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်|ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံညှိနှိုင်း ပေါင်းစပ်၍ မြို့ပေါ်ရပ်ကွက်များနှင့် ပန်စေမိန်းကျေးရွာ တို့တွင် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး၊ ဆန္ဒမဲပေးစဉ် လုံခြုံချောမွေ့စေရေး၊ မဲရုံအသုံးပြုမည့် လျထားနေရာများ၏ လိုအပ်ချက်များကို ကြည့်ရှုပြီး လိုအပ်ချက်များ ကိုဖြည့်ဆည်းနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပြင်ဆင်ထားခဲ့ကြောင်းနှင့် မဲဆန္ဒရှင်စာရင်များကပ်ထားကြေညာ နေမှုများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

 

အောင်မိုး (နမ့်ဆန် ပြန် ဆက်)