အင်းစိန်မြို့နယ်၌ လူသွားစင်္ကြန် (Platform) ပြုလုပ်

ရန်ကုန် ဩဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ လူသွားစင်္ကြန် (Platform) ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။

လူသွားစင်္ကြန်(Platform)ပြုလုပ်ရာသို့ အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် မြို့နယ် လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းဦး တာဝန်ယူ ဆောင်ရွက်နေသော ဘုရင့်နောင်လမ်း အရှေ့ဘက်ခြမ်း၊ မြို့သစ် (က+ခ) ရပ်ကွက် တစ်လျှောက်လူသွား စင်္ကြန်(Platform)ပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်စစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)