သတင်းများ

ခင်ဦးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Feb 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ
ချောင်းဦးမြို့နယ်တွင် မြေနေရာအနည်းငယ်ရှိရုံဖြင့် နေ့စဉ်ဝင်ငွေရရှိနေသည့် ဂန္ဓမာပန်းခင်းစိုက်ပျိုး
Feb 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ မြေနေရာအနည်းငယ်နှင့် မြေအောက်ရေ အသုံးပြုကာ ဂန္ဓမာပန်း စိုက်ပျိုး လုပ်ကိုင်နေသူများ နေ့စဉ်ဝင်ငွေရရှိ အဆင်ပြေနေကြောင်း သိရသည်။
ပုလဲမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး အဆောက်အဦးသစ် ဆောက်လုပ်နေမှုအား လုပ်ငန်း အရည်အသွေး ပြည့်မီစေရေး ကွင်းဆင်းစစ်ဆေး
Feb 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး အဆောက်အဦသစ်ကို ခွင့်ပြုရန်ပုံငွေကျပ် ၆၉ သန်းဖြင့်
မန်ကန်မြို့၌ ပွဲလူလို(ခေါ်)တံပူပွဲတော်ဘုရားမီးပူဇော်ပွဲ ကျင်းပရန်ပြင်ဆင်
Feb 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ တပို့တွဲလဆန်း (၁၄)ရက်နေ့ ညနေပိုင်းတွင် နှစ်စဉ်ကျင်းပပြုလုပ်မည့် ပွဲလူလို(ခေါ်) တံပူပင်ပွဲတော် ဘုရားမီးပူဇော်ပွဲအတွက် စေတီပုံဖော်ခြင်းကို ယနေ့နက်ပိုင်းက စတင်ပြုလုပ်ခဲ့သည်။
ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကျင်းပ
Feb 25,2021
ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် မင်းတပ်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ကျင်းပသည်။
ဘုတလင်မြို့နယ်တွင် ကျောက်စိမ်းဖီးကြမ်းငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးအောင်မြင်သဖြင့် ငှက်ပျောစိုက် ဧကများ တိုးချဲ့စိုက်ပျိုးလာကြ
Feb 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ အုတ်အိုင်၊ ချပ်ကလေး၊ ခိုးချောင်းနှင့် အောင် ဆန်းမြင့် ကျေးရွာများတွင် ကျောက်စိမ်းဖီးကြမ်းငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးအောင်မြင်သဖြင့် ငှက်ပျော စိုက်ဧကများ တိုးချဲ့စိုက်ပျိုးလာကြကြောင်း အုတ်အိုင်ကျေးရွာမှ ငှက်ပျောစိုက်တောင်သူ ဦးတင်ထွေးထံမှ သိရသည်။
ဆီဆိုင်၌ ဘန်းယဉ်ဈေးကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Feb 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ဈေးကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဖေဖော်ဝါရီ ၂၄ ရက်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆီဆိုင်၌ နွေရာသီရေရှားပါးကျေးရွာအား သောက်သုံးရေများ ကြိုတင်ဖြည့်ဆည်းပေး
Feb 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ထီဟန်ထိုးကျေးရွာရှိ အိမ်ခြေ(၃၅)၊ လူဦးရေ(၁၈၀)ဦးခန့်အတွက် နွေရာသီတွင် သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် သောက်သုံးရေများ ကြိုတင်ဖြည့်တင်း ပေးခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် သွားရောက်ဖြည့်ပေးခဲ့ကြောင်း သိရသည်။