သတင်းများ

စစ်တွေမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ
May 13,2021
လွတ်လပ်ပြီးတရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား(ပြု) လက်မှတ် ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံသားတိုင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိရမည်ဟူသော ရည်မှန်းချက်ဖြင့် အလုပ်သမားလူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စစ်တွေမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်း တိုင်းရင်းသား များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအဆောက်အဦးဆောက်လုပ်နေမှု ၈၀ ရာခိုင်နှုန်း ပြီးစီး
May 13,2021

ကံမ မေ ၁၃ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံး အဆောက်အ ဦးအသစ် ဆောက်လုပ်နေမှု ၈၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုး တိုး

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 13,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၈/၂၀၂၁)ကို ယမန်နေ့နံနက် ၁၀ နာရီ က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ပြည်သူများ စာပေအသိပညာတိုးပွားရေး ပြန်လည်ဖွင့်လှစ်
May 13,2021
ပြည်သူများ စာပေအသိပညာတိုးပွားစေရန်နှင့် စာတတ်သူတိုင်း စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင်
ကော့ကရိတ်မြို့၌ မင်းကွတ်သီးအထွက်နှုန်းကောင်းပြီး စျေးကောင်းရရှိ
May 13,2021
 ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ တောင်ကြာအင်းကျေးရွာအုပ်စုရှိ ဖားကျ​ကျေးရွာ၊ လောင်းကိုင်​ကျေးရွာ၊ သသမိန်ဒွတ်ကျေးရွာ၊ ဝင်းကကျေးရွာအုပ်စု၊ ထီးစူးခီးကျေးရွာ တို့တွင် ရာသီပေါ်သီးနှံများဖြစ်သည့် မင်းကွတ်သီးများသည် ယခုနှစ်တွင် မိုးဦးကျစောသည့်အတွက် အထွက်နှုန်းကောင်းပြီး စျေးကောင်းရရှိသည့်အတွက်  မင်းကွတ်သီး စိုက်ပျိုးသူ တောင်သူများ အနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြဝတီ၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်
May 13,2021
အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး
May 13,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီး ဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ ပြန်လည် ဖွင့်လှစ်ဆောင်ရွက်
May 13,2021
ပြည်သူများ အသိဉာဏ်၊ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်္ဃန်းကျွန်းမြို့နယ်ရုံးတွင် ဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ် ထားခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။