မော်လိုက်မြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကလေးပြိုင်ပွဲ ကျင်းပ


မော်လိုက်              ဇန်နဝါရီ        ၃



စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျင်းပသည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးကျန်းမာရေးပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ပြိုင်ပွဲတွင် ကလေးကိုယ်အလေးချိန်၊ ကလေးအရပ်ဖွံ့ဖြိုးမှု၊ကာကွယ်ဆေးထိုးမှုအခြေအနေများ၊ မှတ်တမ်းထားရှိမှုများ၊ ဆေးရုံ၊ဆေးခန်းများ၊ သားဖွားဆရာမများနှင့် မီးဖွားခြင်း ရှိ/မရှိ ၊ ကျန်းမာရေး ဗဟုသုတ ရှိ/မရှိ၊ တစ်ကိုယ်ရေသန့်ရှင်းမှု ရှိ/မရှိ၊ ဆေးခန်းသို့လာရောက်ပြသခြင်း ရှိ/မရှိတို့ကို ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးအကဲဖြတ် အမှတ်ပေးခဲ့ကြသည်။


ထို့နောက် ကလေးကျန်းမာရေးပြိုင်ပွဲတွင် ဆုရရှိသည့်ကလေးငယ်များအား ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းနှင့် တာဝန်ရှိသူများက အမှတ် တရဆု ပစ္စည်းများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲသို့ မော်လိုက်မြို့ပေါ် ရပ်ကွက်များနှင့် တပ်နယ်အတွင်းရှိ မွေးကင်းစမှ နှစ်နှစ်အထိကလေးငယ် စုစုပေါင်း(၅၀)ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

 မော်လိုက်သားလေး