သတင်းများ

မြင်းမူမြို့ရှိ ရှင်ပင်ရွှေစောလူးမြတ်စွာဘုရားတွင် ညောင်ရေသွန်းပွဲပြုလုပ်
May 26,2021
နှစ်စဉ်မပျက် ကျင်းပလျက်ရှိသည့် ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော်ကို ယမန်နေ့ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ရှိ ရှင်ပင်ရွှေစောလူး မြတ်စွာဘုရားတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ မကွေးမြို့ မြသလွန်ရင်ပြင်တော်ရှိ မဟာဗောဓိညောင်ပင်၌ ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ ညောင်ရေသွန်း လောင်းလှူပူဇော်
May 26,2021
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် နှစ်စဉ်မြန်မာ့ရိုးရာအစဉ်အလာ မပျက် ကျင်းပ ခဲ့ကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ ယမန်နေ့ ညနေ ၅ နာရီအချိန်က မကွေးမြို့ မြသလွန်ရင်ပြင်တော်ရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ဒေသခံပြည်သူများ စည်းကားသိုက်မြိုက်စွာ ကဆုန်ညောင်ရေသွန်းလောင်း
May 26,2021
ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တောမြို့ အမှတ်(၄)မြို့မအရှေ့ရပ်ကွက် ဗဟိုဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ ယမန်နေ့ ညနေ (၅) နာရီအချိန်ခန့်က ဒေသခံပြည်သူများ ဦးဆောင်ကာ ဗုဒ္ဓဘာသာဝင်များအထွက် အမြတ်ထားရာ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ညောင်ရေသွန်းလောင်းပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဇလွန်​မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့် ကျေးရွာတွင်း လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်း စစ်ဆေး
May 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်း လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် ဟင်္သာတခရိုင် ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ကဆုန်လပြည့်(ဗုဒ္ဓနေ့) သံဃာ အပါး(၁၀၀၀) ဆွမ်း၊ သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း အခမ်းအနားကျင်းပ
May 26,2021
အစီအစဉ်အရ မြတ်စွာဘုရားအမှူးပြုသော ကြွရောက်တော်မူလာကြသည့် သံဃာတော်များမှ ရတနာပုံခန်းမကြီးအတွင်း ကျောင်းတိုက်အလိုက် ကြွရောက်သီတင်းသုံးတော်မူကြပြီးနောက် သံဃာတော် အပါး၁၀၀၀တို့အား တက်ရောက်လာကြသော ဆွမ်း၊ သင်္ကန်း၊ ဝတ္ထုငွေ အလှူရှင် ဒါယကာ၊ ဒါယိကာမတို့က ရှိခိုးကန်တော့ကြသည်။ 
ကျောက်ဆည်မြို့တွင် သံပယိုသီးများအရောင်းအဝယ်ကောင်းသဖြင့် သံပယိုစိုက်ပျိုးရောင်းချသူများ စီးပွားရေးအဆင်ပြေ
May 26,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် သံပယိုသီးများ အရောင်းအဝယ်ကောင်းသဖြင့် သံပယိုစိုက်ပျိုး ရောင်းချသူများ စီးပွားရေး အဆင်ပြေလျက် ရှိကြောင်း သံပယိုစိုက်ပျိုးရောင်းချသူများထံမှ သိရှိရသည်။ သံပယိုပင်သည် နှစ်ရှည်အပင်မျိုးဖြစ်ပြီး အစိုဓာတ် ထိန်းသည့်နှုန်းမြေ များတွင် ကောင်းစွာဖြစ်ထွန်းကြောင်း သိရှိရသည်။
မင်္ဂလာဒုံမြို့နယ်​ ဘားလား​ချောင်းအတွင်းသို့ ငါးသား​ပေါက်​ကောင်​ရေ (၇)သိန်းခွဲ စိုက်ထည့်
May 26,2021
ရန်ကုန်တိုင်း​ဒေသကြီး မြောက်ပိုင်းခရိုင် ​မင်္ဂလာဒုံမြို့နယ်​ ထောက်ကြန့်ဘားလား​ချောင်းအတွင်းသို့ ငါးမြစ်ချင်းငါးသား​ပေါက်​၊ ရွှေဝါငါးချင်းငါးသား​​ပေါက်၊ ငါးခုံးမကြီးငါးသား​ပေါက်မျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်​နေ့နံနက်(၈)နာရီက ဘားလား​ချောင်း၌ ကျင်းပခဲ့သည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ရမည်းသင်းမြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 26,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်သည်။