သတင်းများ

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာ(၆)ရွာတွင် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်
May 26,2021
ဒေသခံတိုင်းရင်းသားပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်အယ်(မြောက်)၊ လီမွန်၊ တံတားဦး၊ လိုက်တနျား၊ နမ့်ဟူးကျေးရွာနှင့် ဖာလိုင်(ရှေ့)ကျေးရွာ တို့တွင် သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
ကန့်ဘလူ၌ ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
May 26,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော်တွင် ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက ကျင်းပရာ မြို့ပေါ် ကျောင်းတိုက်များရှိ ပင့်သံဃာ ဆရာတော် သံဃာတော် ၂၃၄ ပါး၊ သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး ဆရာလေး ၄၁ ပါးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်းထူးမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက စုပေါင်းလောင်းလှူကြသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
May 26,2021
မန္တေလးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မင်းစုအခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့ပေါ်ရှိ သာသနာ့အနွယ်ဝင် သီလရှင် (၆၂) ပါးအား ကျောင်းတိုက်များအရောက် ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ သွားရောက်လှူဒါန်း
May 26,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ယမန်နေ့နံနက်(၈)နာရီက မြို့ပေါ်ကျောင်းတိုက်အသီးသီးရှိ သီလရှင်(၆၂)ပါးတို့အား ဆင်ဖြူတော်ကျောင်းတိုက်ဆရာတော် ဦးဆောင်သည့် အကျိုးတော်ဆောင် များကရပ်ကွက်အသီးသီးမှ အလှူရှင်စေတနာရှင်များ စုပေါင်း၍ လစဉ်လပြည့်နေ့တိုင်းလှူဒါန်းသည့် ဆွမ်းဆန်နှင့်လှူဖွယ်ဝတ္ထုများကို မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးသို့ သွားရောက်၍ လှူဒါန်းခဲ့သည်။
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အုတ်ရေမြောင်း တည်ဆောက်ရေး လုပ်ငန်းရာနှုန်းပြည့်ပြီးစီး
May 26,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
May 26,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာငွေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မေ ၂၁ ရက်နေ့မှစ နံနက် ၅ နာရီမှ မွန်းလွဲ ၃ နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့ ဝေဇယန္တာပရိယတ္တိစာသင်တိုက်တွင် ညောင်ရေသွန်းပွဲတော်နှင့် စတုဒီသာ ကျွေးမွေးလှူဒါန်း
May 26,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ‌၀တီခရိုင်၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ ဝေဇယန္တာ ပရိယတ္တိ စာသင်တိုက်တွင် ဝေဇယန္တာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်အား အမှူးထား၍ ကျောင်းအကျိုးတော်ဆောင်များနှင့် အလှူရှင်များက ယမန်နေ့ညနေပိုင်းတွင် ညောင်ရေသွန်းပွဲတော် နှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်း ပြုလုပ်ခဲ့သည်။
ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်
May 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ (၂၀၂၁-၂၀၂၂) ပညာသင်နှစ်ကျောင်း အပ်နှံရေးသီတင်းပတ်ကို မေလ ၂၄ ရက်နေ့မှစတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ အထက ငါးသိုင်းချောင်းကျောင်းရှိ သက်ဆိုင်ရာအတန်း အသီးသီးတွင် ကျောင်းသား မိဘများ၊ကျောင်းသားကျောင်းသူများ လာရောက်ကျောင်းအပ်နှံခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။