သတင်းများ

မုဒုံမြို့နယ်တွင်၂၀၂၁ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ
May 26,2021
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန် ပြည်သူများ အားကစားကို လေ့လာလိုက်စားစေခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှု ရှိစေရန်၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ် အား/ကာကော်မတီမှ ကြီးမှူးပြီး နွေရာသီအခြေခံအားကစားသင်တန်း၊ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မုဒုံမြို့နယ်မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပသည်။
ညောင်ရွှေမြို့နယ်၌ ၂၀၂၁-ခုနှစ်အတွက် မိုးရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
May 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၁ ခုနှစ်အတွက် မိုးရာသီ သီးနှံထုတ်လုပ်မှု စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လက်ပံတန်း​မြို့နယ်တွင် ကိုဗစ်(၁၉) စည်းကမ်းချက်များနှင့်အညီ ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများ နေ့စဉ်ဆောင်ရွက်ပေး
May 26,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ပွားစဉ်ကာလမှစ၍ ခေတ္တယာယီ ပိတ်ထားခဲ့ရာ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်(၁၉) စည်းကမ်းချက်များနှင့်အညီ ယခုနှစ် ဧပြီ ၂၉ရက်နေ့မှ စတင် ပြန်လည်ဖွင့်လှစ်ကာ  ပြည်သူ့စာကြည့်တိုက်၏ စာငှား၊ စာဖတ် ဝန်ဆောင်မှု လုပ်ငန်းများကို အပတ်စဉ်ရုံးဖွင့်ရက်များအတွင်း နေ့စဉ် နံနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲအချိန်အထိ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက် သီတာလမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
May 26,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၀-၂၀၂၁) ခုနှစ်၊ ဘဏ္ဍာနှစ် ပြည်နယ် ဘတ်ဂျက်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၁၅.၈၀၀)ကျပ်သန်းဖြင့် သီတာလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်းနှင့် စာကြည့်တိုက်မှတ်ပုံတင်လက်မှတ်များ ပေးအပ်
May 26,2021

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွင် ယနေ့ နံနက် ၁၀ နာရီက စာကြည့်တိုက် များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပခဲ့ပြီး မြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်များအား စာကြည့်တိုက်မှတ်ပုံတင် လက်မှတ် များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်း ဆက်လက်ဆောင်ရွက်
May 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ်အတွက်  ကျောင်းသား/ကျောင်းသူများအား မေလ ၂၄ရက် နေ့မှ စတင်ပြီး ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြောင်မြို့တွင် ညောင်ရေသွန်းပွဲတော်ကျင်းပ
May 26,2021
စစ်ကိုင်းခရိုင်၊ မြောင်မြို့ တွင် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်းခြင်းကို ယမန်နေ့ ညနေ(၅)နာရီကမြောင်မြို့ တောင်ရပ်ကွက် သမိုင်းဝင် ဝက်မစွတ် ကျောင်း တိုက် အတွင်းရှိ ဗောဓိ ညောင်ပင်အားသွန်းလောင်းပူဇော်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၁-ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 26,2021
မန္တလေးတိုင်းဒေကြီး၊ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ၂၀၂၁-ခုနှစ် မိုးရာသီ သီးနှံစိုက်ပျိူးစရိတ်ချေးငွေများကို၊ ယနေ့ နံနက်(၉)နာရီမှစတင် ဘူတာရပ်ကွက်ရှိ ပိန္နဲတော ဘုန်းတော်ကြီးကျောင်းတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးနေကြောင်း သိရသည်။